နုနုရည်အင်းဝ

အမည်ရင်း - နုနုရည်
မွေးသက္ကရာဇ် - ၁၈.၅.၅၇
အင်းဝမြို့မှာ အဖဦးဘမောင်၊ အမိဒေါ်တင်ရွှေတို့က မွေးဖွား။
မန္တလေးတက္ကသိုလ်က သိပ္ပံ (သင်္ချာ) ဘွဲ့၊ ရန်ကုန်တက္ကသိုလ်က စာကြည့်တိုက်ပညာ ဒီပလိုမာ ဘွဲ့တို့ကိုရရှိခဲ့။ အစိုးရဝန်ထမ်း လုံဝမလုပ်ဖူးခဲ့။
စာပေနယ်ထဲကို ၁၉၈၄ ခုနှစ် မတ်လ ပေဖူးလွှာ မဂ္ဂဇင်းပါ "ထမီလေးတထည်" ဝတ္ထုတိုလေးဖြင့် စတင်ဝင်ရောက်ခဲ့။
ယခုအချိန်ထိ လုံးချင်းဝတ္ထု (၁၅)အုပ်၊ မဂ္ဂဇင်းဝတ္ထုတိုပေါင်းချုပ် (၆) အုပ်ခန့် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၃ ခုနှစ် အမျိုးသားစာပေဆုကို" မြစိမ်းပြာကမာရွတ်"ဝတ္ထုရှည်နဲ့ ရရှိခဲ့။
၂ဝဝ၇ ခုနှစ် (The Man Asian Literary prize) အာရှစာပေ(Shortlisted) ဆုကို "ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ"ဝတ္ထုရှည်နဲ့ ရရှိခဲ့ပါတယ်။
အဲဒီဝတ္ထုကို ၂ဝဝ၈ စက်တင်ဘာမှာ အမေရိကန်ပြည်ထောင်စု (Hyperion Books)က "Smile As They Bow" အမည်နဲ့ အင်္ဂလိပ်လို ထုတ်ဝေခဲ့ပြီး။
စာပေအနုပညာဆိုင်ရာ နိုင်ငံတကာဖိတ်ကြားချက်များအရ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စုIowa တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၊ ကိုရီးယားနိုင်ငံ အနုပညာ တက္ကသိုလ်၊ ဟောင်ကောင် စာပေဆုပေးပွဲ၊ လန်ဒန်မြို့ စာပေဟောပြောပွဲ တို့ကို သွားရောက်ခဲ့ပြီး၊ ရန်ကုန်မြို့မှာ မိသားစုနှင့်အတူ စာရေးခြင်းဖြင့် အသက်မွေးလျှက် နေဖိုင်လျှက်ရှိပါသည်။